OSC ဆေးရုံ  ၀န်ဆောင်မှုများ
Our Services
OSC ဆေးရုံမှ အောက်ပါဝန်ဆောင်မှုများဖြင့် လူကြီးမင်းတို့၏ ကျမ်းမာရေးကို တာဝန်ယူပါရစေ …
  • အထူးကုဆရာဝန်ကြီးများဖြင့် (၂၄)နာရီ ကုသပေးခြင်း။
  • အရေးပေါ် ကုသပေးခြင်း၊ ပြင်ပလူနာကုသခြင်း။
  • အထွေထွေရောဂါ အထူးကုသခြင်း။
  • အထွေထွေ ကျန်းမာရေးစစ်ဆေးခြင်း။ (Medical Check Up)
  • ကာကွယ်ဆေးမျိုးစုံထိုးပေးခြင်း။
  • စစ်မှန်သောနိုင်ငံခြားဆေးဝါးမျိုးစုံ ရောင်းချပေးခြင်း။
  • ဈေးနှုန်းချိုသာသော အတွင်းလူနာခန်းများ ထားရှိခြင်း။
  • သန့်ရှင်းသပ်ရပ်သော သားဖွားခန်းထားရှိခြင်း။
  • ခေတ်မီစက်ကိရိယာများဖြင့် ဓါတ်ခွဲစမ်းသပ်ပေးခြင်း။
  • တီဗွီဓါတ်မှန်၊ Echo Cardiogram၊ ဓါတ်မှန်အမျိုးမျိုးဖြင့်  ရောဂါရှာဖွေပေးခြင်း။
  • 3D/4D Ultrasound ဖြင့် စမ်းသပ်ပေးခြင်း။
  • 128 Slice CT Scan ဖြင့် ရောဂါရှာဖွေပေးခြင်း။
  • ကိုယ်အင်္ဂါ ပြန်လည်သန်စွမ်းရေးအတွက် အထူးကုသပေးခြင်း။
  • ၂၄နာရီ အသုံးပြုနိုင်သည့် သန့်ရှင်းသပ်ရပ်သော ခွဲစိပ်ခန်းများရှိခြင်း။
  • ၂၄နာရီ ဝန်ဆောင်မှုပေးနိုင်သော လူနာတင်ယာဉ်ရှိခြင်း။
  • အရည်အသွေး ပြည့်မီသော စက်ကိရိယာများဖြင့် မျက်စိစမ်းသပ်၍ ခွဲစိပ်ခန်းများထားရှိခြင်း။
  • Haemodialysis Center (ကျောက်ကပ်သွေးသန့်စင်ဌာန)။
  • အစာအိမ်ကြည့်မှန်ပြောင်းနှင့် အူမကြီးကြည့်မှန်ပြောင်းများဖြင့် ရောဂါရှာဖွေနိုင်ခြင်း။ 

     - OSC Hospital သည် အမှတ်(၁၃၇)၊ သုဓမ္မာလမ်းမကြီး၊ မယ်လမုဘုရားဘေး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့တွင်တည်ရှိသော အထွေထွေရောဂါကု ပုဂ္ဂလိကဆေးရုံကြီးဖြစ်ပါသည်။

ဆေးရုံကို(၂၀၀၉)ခုနှစ် ဇွန်လတွင် (၁၆)ကုတင်ဆံ့ဆေးရုံအဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး၊ (၂၀၁၁)ခုနှစ်၊ ဇန်နဝါရီလ(၁၅)ရက်နေ့တွင် ကုတင်(၁၀၀)ဆံ့ဆေးရုံအဖြစ် တိုးချဲ့ဖွင့်လှစ်ခဲ့ပါသည်။ ကားရပ်နားရန်နေရာ အလုံအလောက်ရှိသော ကျယ်ဝန်းသောမြေနေရာပေါ်တွင် (၆)ထပ် အဆောက်အဦဖြစ်ပြီး ပတ်ဝန်းကျင်တွင် စွယ်တော်မြတ်စေတီတော်၊ မယ်လမုဘုရား၊ ဝဋ်ကြွေးတော်ပြေစေတီတော်၊ ငမိုးရိပ်ချောင်း အစရှိသော စိတ်ကြည်နူးချမ်းမြေ့ဖွယ်မြင်ကွင်းများက ဝန်းရံလျက်ရှိပါသည်။
          OSC ဆေးရုံတွင် အရေးပေါ်လူနာ ပြင်ပ လူနာနှင့် အတွင်းလူနာများအတွက် ကျွမ်းကျင်ဝန်ထမ်းများက ခေတ်မီ စက်ကိရိယာ အပြည့်အစုံဖြင့် မေတ္တာ ၊ စေတနာ ရှေ့ထားကာ (၂၄) နာရီ ဝန်ဆောင်မှုပေးနေပါသည်။ဆေးရုံ၏ မြေညီထပ်သို့ ဝင်ဝင်ချင်းတွင်
-        ဧည့်ကြိုကောင်တာ (Reception Counter)
-        ငွေရှင်းရန်ကောင်တာ (Cashier Counter)
-        ဆေးရုံတက်မည့် လူနာများအတွက် လိုအပ်သည်များဆောင်ရွက်ပေးမည့် (Admission Counter) တို့ကို တွေ့ရှိရမည် ဖြစ်ပါသည်။

 

Ambulance Service
     - အရေးပေါ်လူနာများအတွက် (၂၄) နာရီ အရေးပေါ်ဌာန (24 Hour Emergency OPD ) ကို ခေတ်မီ စက်ကိရိယာ ၊ ကျွမ်းကျင် ဝန်ထမ်းများဖြင့် ထားရှိပါသည်။ ခေတ်မီစက်ကိရိယာများ တပ်ဆင်ထားသော လူနာတင်ယဉ်(Ambulance) (၂)စီး ဖြင့်လည်း (၂၄)နာရီ ဝန်ဆောင်မှု ပေးလျက် ရှိပါသည်။
Specialist OPD (အထူးကုျပင္ပလူနာဌာန)
     - အထူးကု ပြင်ပ လူနာ ပြသမှုအတွက် အထူးကု ပြင်ပလူနာ ဌာနကို စောင့်ဆိုင်းရန် နေရာ ကျယ်ဝန်းစွာဖြင့် ထားရှိကာ သက်ဆိုင်ရာ ရောဂါအလိုက် အထူးကု ဆရာဝန်ကြီးများနှင့် မိမိရောဂါ အခြေအနေကို ဆွေးနွေး တိုင်ပင်နိုင်မည် ဖြစ်ပါသည်။
          OSC ဆေးရုံတွင် အထွေထွေ၊ ခွဲစိတ်၊ သားဖွားမီးယပ်၊ ကလေး၊ ဦးနှောက်နှင့် အာရုံကြော၊ မျက်စိ၊ သွားနှင့်ခံတွင်း၊ နား၊နှာခေါင်း၊လည်ချောင်း ၊အဆုတ်နှင့်ရင်ခေါင်း၊ နှလုံး၊ အသည်း၊ အစာအိမ်နှင့်အူလမ်းကြောင်း၊ ဆီးနှင့်ကျောက်ကပ်၊  ထိခိုက်ဒဏ်ရာနှင့်အရိုးအကြောအဆစ်၊ ကိုယ်ခန္ဓာ ပြန်လည်သန်စွမ်းရေး၊ စိတ်ကျန်းမာရေး ၊ သွေးချို ဆီးချို ၊ သွေးရောဂါ ၊ ကူးစက်ရောဂါနှင့် ကင်ဆာ ရောဂါများကို အထူးကုဆရာဝန် (၁၂၀)ကျော်ဖြင့် (၂၄)နာရီ ပိတ်ရက်မရှိ ကုသပေးနေပါသည်။

 

Dental Clinic (သွားဆေးခန်း)
     - သွားနှင့်ခံတွင်း ဝေဒနာရှင်များနှင့် သွားနှင့်ခံတွင်း အလှဆင်လိုသူများအတွက် Dental Clinic  ကိုလည်း ဖွင့်လှစ်ထားပါသည်။



Advertisment 18